Redback ပင့်ကူ စစ်ဆင်ရေးသည် သြစတြေးလျနှင့် မလေးရှားတို့ ပူးပေါင်းကာ ရေကြောင်းဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် အမြတ်ထုတ် ခံရနိုင်သည့်သူများ ပင်လယ်ပြင်တွင် မိမိ၏ အသက်အန္တာရာယ် ကျရောက်စေတာမျိုး မလုပ်မိအောင် ကာကွယ်ပေးသည့် စစ်ဆင်ရေး ဖြစ်ပါသည်။

Redback ပင့်ကူ စစ်ဆင်ရေးအထဲတွင် မလက္ကာ ရေလက်ကြားဒေသအတွင်း မလေးရှား ကမ်းခြေစောင့်တပ်များ ကင်းလှည့်မှု ပါဝင်သည့်အပြင် တရားမဝင် ရေကြောင်း ရာဇဝတ်မှုများအား သတိပြုစောင့်ကြည့်မှုများ၊ တားမြစ် ဟန့်တားမှုများနှင့် ရာဇဝတ် လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်မှုများ လုပ်ဆောင်ရာမှာ ပိုမို မြင့်တင်လုပ်ဆောင်ဖို့အတွက် ဒေသခံ လူမှုအသိုင်းအဝိုင်းများနှင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မှုလည်း ပါဝင်ပါသည်။ ရေကြောင်းဆိုင်ရာ ရာဇဝတ်မှုသည် လက်ရှိခြိမ်းခြောက်မှု တစ်ခု ဖြစ်နေသလို ကမ္ဘာအတွက် ပြဿနာ တစ်ရပ်လည်း ဖြစ်ပါသည်။

အတူတူ ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် သြစတြေးလျနှင့် မလေးရှားတို့သည် ရာဇဝတ်သားများ လုပ်ကိုင်ရ ပိုမိုခက်ခဲအောင် တိုးမြင့် လုပ်ဆောင်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။

တရားမဝင် လှေခရီးစဉ် အတွက်

သင့်အသက်အန္တာရာယ် မကျရောက်ပါစေနှင့်။

လှေခရီးစဉ်သည် အန္တာရာယ် ကြီးမားလှပါသည်။ တရားမဝင် လှေခရီးစဉ် အတွက် သင့်အသက် အန္တာရာယ် မကျရောက်ပါစေနှင့်။

လူကုန်ကူးသူများသည် လိမ်ညာနေပါသည်။ သူတို့တွေသည် အမြတ်ထုတ်ခံရနိုင်သည့် သူတွေနဲ့ ၄င်းတို့၏ မိသားစုများကို ငွေညစ်ကြမည့် ရာဇဝတ်ကောင်များ ဖြစ်ကြပါသည်။ သင့်ဆီကနေ ပိုက်ဆံရဖို့ ဘာမဆို လိမ်ညာပြောဆိုမှာဖြစ်ပြီး သင့်ခရီးစဉ်တလျှောက်လုံး ငွေကြေးတွေ ထပ်မံပေးဆောင်ဖို့ တောင်းဆိုမှုတွေ လုပ်ဆောင်သွားမည့်သူများ ဖြစ်ပါသည်။

လှေများသည် ပင်လယ်ပြင်တွင် သွားလာရန် မသင့်တော်သည့် လှေများဖြစ်ကြသလို ခရီးစဉ်မှာလည်း စိတ်မချရသည့် ခရီးစဉ် ဖြစ်ပါသည်။

တရားမဝင် လုပ်ဆောင်မှုများနှင့် လူကုန်ကူးသူများအကြောင်းအား

အာဏာပိုင်များဆီ သတင်းပေးပါ။

သင်၏ လူမှုအသိုင်းအဝိုင်း လုံခြုံဘေးကင်းရေးအတွက် တဖက်တလှမ်းမှ ကူညီပါ။ တရားမဝင် ရေကြောင်း လုပ်ဆောင်မှုများ သို့မဟုတ် လူကုန်ကူး ကိုယ်စားလှယ်များအကြောင်း အာဏာပိုင်များဆီ သတင်းပေးနိုင်သလို အချိန်မရွေး ၀၁၉ -၂၆၁၁၈၃၃ ကို ဖုန်းဆက်နိုင်သည့် အပြင် ၉ ၉ ၉ ကိုလည်း ဖုန်းဆက်နိုင်ပါသည်။

ဖုန်းခေါ်ဆိုမှု အားလုံးနှင့် ခေါ်ဆိုသူ၏ နာမည်နေရပ်များအားလုံး မေးမြန်း ဖော်ပြမည် မဟုတ်ပါ။